မင်္ဂလာတရား ၃၈-ပါး
မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သ၀တ္ထိပြည် ၊ ဇေတ၀န် ကျောင်းတော်၌် အကာလ ည အခါတွင် တောင်းပန် လျှောက်ထားမှုကြောင့် လူ ၊ နတ် ၊ ဗြဟ္မာတို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအားလုံးတို့အားချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။
(၁) အသေ၀နာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊
(၂) ပဏ္ဍိတာနဉ္စ သေ၀နာ- ဥာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊
(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊
(၄) ပဋိရူပ ဒေသာဝါသ- သင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊
(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊
(၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊
(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊
(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊
(၉) ၀ိနယ သုသိက်္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊
(၁၀) သု ဘာသိတ၀ါစာ- အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊
(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊
(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊
(၁၃) အနာကုလ ကမ္မန္တ- ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ္မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက်ထိုက်သလို လုပ်ရခြင်း၊
(၁၄) ဒါန မင်္ဂလာ- ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊
(၁၅) ဓမ္မစရိယ- ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊
(၁၆) ဉာတကာနဉ္စသင်္ဂဟ- ဆွေမျိုးတို့ကိုတတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊
(၁၇) အန၀ဇ္ဇကမ္မ- နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများ နှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊
(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ရခြင်း၊
(၁၉) ၀ိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊
(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊
(၂၁) အပ္ပမာဒ ဓမ္မ- ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊
(၂၂) ဂါရ၀- ရိုသေထိုက်သူကို ရိုသေခြင်း၊
(၂၃) နိဝါတ- မာနမထားနှိမ့်ချရိုသေသော စိတ်များရှိခြင်း၊
(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊
(၂၅) ကတညုတာ- ပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊
(၂၆) ကာလေန ဓမ္မဿဝန- သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊
(၂၇) ခန်္တီမင်္ဂလာ- နေရာတိုင်း၌သည်းခံရခြင်း၊
(၂၈) သောဝစဿတာ - ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊
(၂၉) သမဏဒဿန - အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊
(၃၀) ကာလေန ဓမ္မသာကစ္ဆ- လျောက်ပတ်သောအခါ၌တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊
(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းဩပ, မကောင်းဆိုမဖြစ်နိုင်စေရန် သတိနှင့် ၀ီရိယ တရား အစဉ်ထားခြင်း၊
(၃၂) ဗြဟ္မစရိယ- မြတ်သော အကျင့်ရှိခြင်း၊
(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊
(၃၄) နိဗ္ဗာနသစ်္ဆိကိရိယ- အရဟတ်္တဖိုလ်ကို မျက်မှောက်ပြုရခြင်း၊
(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း၊
(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊
(၃၇) ၀ိရဇ- ရာဂစသော ကိလေသာမြူမရှိခြင်း၊
(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။ [1]
ဘုရားရှင်သည် မင်္ဂလာတရား (၃၈)ပါးကို ဟောကြားခဲ့သော သတင်းဂယက်သည် သံဃာပရိသတ် အလည်တွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။ (၃၈)ဖြာသော မင်္ဂလာတရားတော်ကို ဟောကြားပေးတော် မူသော ဘုရားရှင်၏ ဉာဏ်တော်ကိုလည်း ရဟန်းတို့သည် အံ့သြချီးမွမ်း မဆုံးရှိလေသည်။ ထိုအခါ ဘုရားရှင်သည် ရဟန်းတို့ထံ ကြွလာပြီး
`ရဟန်းတို့ ယခုအခါ ငါဘုရားရှင်သည် သဗ္ဗညုတ ဉာဏ်တော်ရပြီး သမ္မာသမ္ဗုဒ္ဓဂုဏ်နှင့် ပြည့်စုံ၍ (၃၈)ဖြာ မင်္ဂလာတရား ဟောကြားသည်မှာ အံ့သြဖွယ် မဟုတ်ပေ။ ငါဘုရားသည် နုစဉ်ကပင် မင်္ဂလာပြဿနာကို ပြီးပြည့်အောင် ဆုံးဖြတ်ပေးနိုင်ခဲ့သည်´ဟူ၏။
`အရှင်ဘုရား- တပည့်တော်တို့သည် အတိတ်ဘ၀က ဖုံးလွှမ်းထားသော ထိုအကြောင်းကို သိလိုကြပါသည်ဘုရား´ဟု ရဟန်းတို့က ခွင့်ပန်လေသည်။
`ချစ်သားတို့ ရှေးအတိတ်ဘ၀က ငါဘုရားရှင်သည် မဟာရက္ခိတ ဟူသော အမည်ဖြင့် ရသေ့ဖြစ်ခဲ့ဘူးသည်။ ငါ့တွင် တပည့်ရသေ့ တစ်ဦးရှိသည်။ ထိုတပည့်ကား ယခု သာရိပုတ္တရာပင် ဖြစ်ပေသည်။ တစ်နေ့သောအခါ တပည့်သည် ငါ့ထံသို့ ချဉ်းကပ်၍ မင်္ဂလာပြဿနာကို လေ့လာသည်။ လောကတွင် မင်္ဂလာအမျိုးမျိုးတွေ ပေါ်ပေါက်နေပါသည်။ ကြီးပွားချမ်းသာကြောင်း မင်္ဂလာဟူသည် အဘယ်နည်း။ အဘယ်အရာမျိုးကို မင်္ဂလာ ခေါ်ပါသနည်း ဟုမေးမြန်းလျှောက်ထား၍ ငါဘုရားရှင်သည် မင်္ဂလာ ရှစ်မျိုးကို ခွဲခြား၍ ဟောကြားခဲ့သည်´ဟူ၏။
မှတ်ချက်။ ။ http://wikimyanmar.co.cc မှကူးယူဖော်ပြပါသည်။
contrite
5 hours ago
0 comments:
Post a Comment